ကျိုက်မရော၊ ၂ ဇန်နဝါရီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာ ဘိန်းဗျောကျေးလက်ကျန်းမာရေးဌာနခွဲတွင် အသုံးပြုရန် အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါကျေးလက်ကျန်းမာရေးဌာနခွဲ၌ ပြုလုပ်ခဲ့သည်။
ဆေးရုံသုံးပစ္စည်းများ လှူဒါန်းရာတွင် ဆေးရုံသုံးပရိဘောဂပစ္စည်းများဖြစ်သည့် Delivery Bed မွေးကုတင် ၁ လုံး၊ Hospital Bed MC-947 ရိုးရိုးလူနာကုတင် ၂ လုံး၊ သံဗီရို (၆ ပေ × ၃ ပေ) ၂ လုံး၊ ခေါက်စားပွဲ လေးထောင့် ၁ လုံးနှင့် လက်တင်ပါပလတ်စတစ်ထိုင်ခုံ ၁၅ လုံး စုစုပေါင်း တန်ဖိုး ၁,၅၇၇,၅၀၀ ကျပ်တို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော် က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ချိုချို(ပြန်/ဆက်)


