မေ ၃၀ ရက်
ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မေ ၂၉ ရက် ညနေ(၄)နာရီက ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ မွေးလူနာကလေးမိခင်များကို အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ဆေးရုံအစည်းအဝေး ခန်းမတွင် အလှူငွေပေးအပ်လှူဒါန်းပွဲကိုကျင်းပရာ မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်း၊ မြန်မာ-တရုတ်-အိန္ဒိယ ချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာ-အိန္ဒိယ ဓနသဟာရအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်-ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ မြန်မာနိုင်ငံဆိုင်ရာ ခရစ်ယာန်များအသင်းချုပ်၊ မြန်မာ-မွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း၊ စိန့်ဟုတ် တရုတ်ဘုရားကျောင်း၊ စော်ဘွားလေးဘိုဘိုမောင်နှင့် မြတ်မင်းကုမ္ပဏီလီမိတက်တို့မှ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ စုစုပေါင်းအလှူငွေ (၁၃၇)သိန်းအား ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)