ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟင်္သာတမြို့ လမ်းပြကြယ်စာပေပြန့်ပွားရေးအဖွဲ့သို့ သုတရသစာအုပ်များ လှူဒါန်း

ဟင်္သာတ ၂၆ မေ 

 


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟင်္သာတမြို့ လမ်းပြကြယ်စာပေပြန့်ပွားရေးအဖွဲ့သို့ သုတရသစာအုပ်များ လှူဒါန်းပွဲအခမ်းအနားကို မေ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 


အခမ်းအနားတွင် NLD ပါတီ ခရိုင်အတွင်းရေးမှူး ဦးသက်ဝေမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာမခင်ရှင်စောမှ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးများအကြောင်းကိုလည်းကောင်း၊ ခရိုင်ပြန်/ဆက် ဒုတိယဦးစီးမှူး ဒေါ်အေးအေးမာက စာကြည့်တိုက်များ အခြေအနေများကိုလည်းကောင်း၊ လမ်းပြကြယ် စာပေပြန့်ပွားရေးအဖွဲ့မှ ဦးသန်းဇော်ဦးက မိမိတို့အဖွဲ့မှ ရှေ့ဆက်ဆောင်ရွက်မည့် စာပေပြန့်ပွားရေးလုပ်ငန်းများအကြောင်း အကျယ်တဝံ့ ရှင်းလင်းတင်ပြခဲ့သည်။

 


ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပေးပို့လှူဒါန်းသော သုတရသစာအုပ်မျိုးစုံ ၃၃၃ အုပ် ကာလတန်ဖိုး ကျပ် ၃၂၀ဝဝဝ ကျော်ကို ဖောင်ဒေးရှင်းကိုယ်စား ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦးမှ လှူဒါန်းပေးအပ်ကာ လမ်းပြကြယ် စာပေပြန့်ပွားရေးအဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

 


ခရိုင်ပြန်/ဆက် (ဟင်္သာတ)