ခရမ်း ၈ အောက်တိုဘာ
ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Quarantine Center များတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော မြက်ဖျာ၊ ခေါင်းအုံး+ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ် အစုံ ၅၀၊ သွားတိုက်ဆေး+ သွားတိုက်တံ၊ ဆပ်ပြာတုံး (၃)မျိုးတွဲ အစုံ ၅၀၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် အစုံ ၅၀ ၊ Surgical Gown ၅၀ ထည်၊ Face Shield ၂၀၀ ခု၊ Surgical Mask ၁၀၀၀ ခု၊ KN 95 mask ၅၀ ခုလက်အိတ် (၁၀၀) ပါ ၂ ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၅၀၀)မီလီ ၅ ဘူး၊ လက်ဆေးဆပ်ပြာရည် (၅၀၀) မီလီ ၁၀ ဘူး၊ အရက်ပြန် (၅၀၀)မီလီ ၅ ဘူး အပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၈၄၉၂၀၀ တန်ဖိုး ရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)


