ဒေါ့ဖုန်းယန် သြဂုတ် ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ ့နံနက် ၁၀ နာရီက အမှတ်(၁) ရပ်ကွက် ခန်းမဆောင်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များက ဒေါ့ဖုန်းယန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နေသော ခရစ်ယာန်အသင်းတော်သို့ အလှူငွေကျပ် ၃၀၀၀၀၀၀၊ PPE ဝတ်စုံ ၂၀ စုံ၊ Mask ၂၀၀ ခု တကိုယ်ရည်သုံးပစ္စည်းများဖြစ်သော (စောင်၊ ခေါင်းအုံး၊ ဖျာ၊ ပုဝါ) အစုံ ၁၀ စုံတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်းတော်မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)


