ဒေါ့ဖုန်းယန်   သြဂုတ်   ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ ့နံနက် ၁၀ နာရီက  အမှတ်(၁) ရပ်ကွက် ခန်းမဆောင်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များက ဒေါ့ဖုန်းယန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နေသော ခရစ်ယာန်အသင်း​တော်သို့ အလှူငွေကျပ် ၃၀၀၀၀၀၀၊ PPE ဝတ်စုံ ၂၀ စုံ၊   Mask ၂၀၀ ခု တကိုယ်ရည်သုံးပစ္စည်းများဖြစ်သော (စောင်၊ ခေါင်းအုံး၊ ဖျာ၊ ပုဝါ) အစုံ ၁၀ စုံတို့ကို  ပေးအပ်လှူဒါန်းခဲ့ရာ အသင်းတော်မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်(ပြန်/ဆက်)