ရန်ကုန် ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် မြင်တော်သာလမ်းထောင့်ရှိ အမှတ်(၁၃) မြစ်ထွက်ပေါက်သို့စီးဆင်းသည့် ဧရာဝဏ် လမ်းဖြတ်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆယ်ယူပြီးအမှိုက်နှင့် နုန်းများစနစ်တကျစွန့်ပစ်ရန်၊ ရေမြောင်းပိတ်ဆို့မှုမရှိစေရေး မြစ်ထွက်ပေါက်အထိ ရှင်းလင်းရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်၊ အထူးကုဆေးရုံအနီး ဧရာဝဏ်လမ်းရှိ ပိတောက်ရွှေဝါလမ်းနှင့် သာကေတအဝိုင်းအကြား လမ်းသားတိုးချဲ့ကွန်ကရိ ခင်းကျင်းပြီးစီးမှု၊ ယာဉ်ရပ်နားရန်နေရာတည်ဆောက်ပြီးစီးမှုနှင့် အုတ်ရေမြောင်းတည်ဆောက်နေမှု၊ ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန် အားကစားပစ္စည်းများ တပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်၊ ၇ ဈေးလမ်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှေ့ ဈေးလမ်းရေမြောင်းမှ အမှိုက်များ၊ မြောင်းချေးနှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် ကျောက်ပြား မြေထိန်းနံရံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မင်းနန္ဒာလမ်းပေါ်ရှိ ရန်အောင်မြစ်ထွက်ပေါက်သို့ သွားရောက်၍ အမှိုက်များ၊ မြောင်းချေးနှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး အမှိုက်နှင့်နုန်းများစနစ် တကျစွန့်ပစ်ရေး၊ ရေမြောင်းပိတ်ဆို့မှုမရှိစေရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်