ဒေါပုံ ၁၆ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ နေ့ရက်အထိ ပထမအကြိမ် ကပ်ထားကြေညာပေးခဲ့ရာ လာရောက်ကြည့်ရှုသူဦးရေ ၂၆၈၀၈ ဦးခန့်ရှိကြောင်း သိရသည်။
ထိုသို့ကပ်ထားကြေညာပေးရာတွင် မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ ၃၅၅၇ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ ၂၅၀ ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လာရောက်လျှောက်ထားသူ ၉၇၀ ဦးရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်ရှိ ရပ်ကွက် (၁၄)ရပ်ကွက်တွင် လက်ရှိအချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၆၅၄၃၈ ဦးခန့်ရှိပြီး တိုင်းရင်းသားမဲရုံ (၆၀)ရုံအပါအဝင် မဲရုံပေါင်း (၆၃)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အတွင်းရေးမှူးထံမှ သိရှိရသည်။
သဲစုစုလွင်
