သရက်ချောင်း ၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ထုတ်ပြန်သည့် ဒေသန္တရအမိန့် ညွှန်ကြားချက်များအား အများပြည်သူ သိရှိလိုက်နာဆောင်ရွက်နိုင် စေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းကို စက်တင်ဘာ ၂ ရက် ညပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ လူစည်ကားရာနေရာများတွင် လှည့်လည်ကြေညာခြင်းများပြုလုပ် ခဲ့ကြသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပြည်သူများအနေဖြင့် မြို့နယ်မှ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်နေထိုင်ကြရန်၊ စျေး၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များသည်လည်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက Mask တပ်ဆင်ပြီး သွားလာကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)


