ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ဇန်နဝါရီ ၃ ရက်က ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပြောကြား
ဦးစွာ ဒဂုံမြို့နယ်တာဝန်ခံ ပညာရေးမှူး ဦးဖုန်းမော်ထွန်းက အမှာစကား ပြောကြားသည်။ ထို့နောက် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဥမ္မာထွေးက ကျေးဇူးတင်စကား ပြောကြားပြီး မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဥမ္မာထွေးအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သင်ကြားမှု ထူးချွန်ဆုနှင့် ကျောင်းတက်ရက်မှန်ဆုများ၊ နဝမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများ၊ အင်္ဂလိပ်စာစွမ်းရည်ဆုရရှိသူများ၊ သင်္ချာစွမ်းရည်ဆုရရှိသူများ၊ Grade-5 တွင် (A)အဆင့်ရရှိသူများ၊ Grade-9 တွင် (A)အဆင့်ရရှိသူများ၊ ပန်းချီနှင့် စာစီစာကုံးဆုရရှိသူများ၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်သူဟိန်း(ပြန်/ဆက်)


