ဒဂုံ  နိုဝင်ဘာ           

၂၀၂၀ပြည့်နှစ်အတွက်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကြီးတွင်  ပြည်သူများ  ဆန္ဒမဲ ပေးနိုင်ရေးတွက် ယနေ့နံနက် ၆ နာရီက စတင်ကာ  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက် မဲရုံ()ရုံ၊ ဦဝိစာရရပ်ကွက်မဲရုံ()ရုံ၊ ဘုရားကြီးရပ်ကွက် မဲရုံ()ရုံ၊ ပြည်အရှေ့ရပ်ကွက် မဲရုံ()ရုံနှင့် ပြည်အနောက်ရပ်ကွက် မဲရုံ()ရုံတို့အား ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်သူများ မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်အတိုင်း ဆောင်ရွက်ပေးထားပြီး ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူပြည်သူ(၂၁၀၀၀)ဦးနှင့် မဲရုံ(၁၃)ရုံ ထားရှိပေးပြီး  နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ် (၂၇)ဦးတို့က ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)