ဒဂုံ ၈ နိုဝင်ဘာ
၂၀၂၀ပြည့်နှစ်အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ဆန္ဒမဲ ပေးနိုင်ရေးတွက် ယနေ့နံနက် ၆ နာရီက စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက် မဲရုံ(၃)ရုံ၊ ဦဝိစာရရပ်ကွက်မဲရုံ(၂)ရုံ၊ ဘုရားကြီးရပ်ကွက် မဲရုံ(၂)ရုံ၊ ပြည်အရှေ့ရပ်ကွက် မဲရုံ(၄)ရုံနှင့် ပြည်အနောက်ရပ်ကွက် မဲရုံ(၂)ရုံတို့အား ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်သူများ မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်အတိုင်း ဆောင်ရွက်ပေးထားပြီး ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူပြည်သူ(၂၁၀၀၀)ဦးနှင့် မဲရုံ(၁၃)ရုံ ထားရှိပေးပြီး နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ် (၂၇)ဦးတို့က ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


