ရန်ကုန် ဇွန် ၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အဖြစ် ကျောင်းများစတင်ဖွင့်လှစ်ခဲ့ရာ အထက်တန်းကျောင်း ငါးကျောင်း၊ အထက(ခွဲ) တစ်ကျောင်း၊ အလယ်တန်းကျောင်း လေးကျောင်း၊ မူလတန်းကျောင်း ၁၄ ကျောင်း၊ မူလွန်ကျောင်း ခုနစ်ကျောင်း၊ မူခွဲကျောင်း နှစ်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၂ ကျောင်းတွင် အထက်တန်း ကျောင်းသား ကျောင်းသူ ၂၆၃၂ ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ ၅၁၃၀၊ မူလတန်း ကျောင်းသား ကျောင်းသူ ၁၈၄၈၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၆၂၅၁ ဦး ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

 

အေးမဉ္ဇူ