ဒဂုံ(အရှေ့) ၁၇ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ တားဆီးကာကွယ် ထိန်းချုပ်ရေးကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင်များအား နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ (၃၂)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)