ဒဂုံ(အရှေ့) ၇ စက်တင်ဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန် ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်ရှိ စျေးများ၊ ကားမှတ်တိုင်များနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask) ၅၀၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် စျေးရောင်းစျေးဝယ်များအား နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ပြီးမှသာ ရောင်းချကြရန် အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့် မဖြစ်မနေ အပြင်ထွက်မည်ဆိုပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသော စျေးရောင်း စျေးဝယ်များနှင့် ခရီးသွားမိဘ ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး၍ အဆိုပါ နှာခေါင်းစည်းများအား အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်တင် ဦးဆောင်၍ အုပ်ချုပ်ရေးအဖွဲ့မှ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)


