ရန်ကုန် ၂၄ ဇူလိုင်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လေးထောင့်ကန် ရပ်ကွက်တွင် ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန် မိုးတွင်းကာလ လမ်းများကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍ လေးထောင့်ကန် ရပ်ကွက်နှင့် ကျူချောင်းရွာချင်းဆက်လမ်းအရှည် ပေ ၁၆၀ဝ ရှိ လမ်းအား အုတ်ကျိုးခင်းခြင်းကို လမ်းတာဝန်ခံ ဦးလှတင့်နှင့် ရွှေပိုင်ထိုက်ကုမ္ပဏီတို့ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


