ရန်ကုန်       ဇွန်       ၁၅

 

ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့် ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာ မဟာဌာနကြီးအောက်ရှိ သိပ္ပံဌာနများအကြား MoU ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်နှင့် ဂျပန်နိုင်ငံ Gifu University  မှ Vice President Dr. Shinji Kambara တို့က အမှာစကားများ ပြောကြားကြပြီး ကျောင်းသားများ၊ သိပ္ပံဆိုင်ရာ သုတေသနနှင့် လေ့ကျင့်လဲလှယ်ရေးခရီးစဉ်၊ သိပ္ပံပညာရှင်များနှင့် သိပ္ပံပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲများ၊ ဖိုရမ်များနှင့် သင်တန်းများ ပူးတွဲကျင်းပခြင်းနှင့် သုတေသနရလဒ်များကို သုတေသန စာစောင်များတွင် ရေးသားဖော်ပြခြင်း စသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ဖက်အဖွဲ့အစည်းကြား MoU ရေးထိုးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

MoU ရေးထိုးပွဲသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် သင်ကြားစီမံဌာနများမှ ဌာနမှူးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara နှင့် The Faculty of Engineering ဌာနမှူး Prof. Dr. Toshiaki Murai နှင့် သိပ္ပံဌာနများမှ ပါမောက္ခ/ဌာနမှူးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်