ကျောက်မဲ ၁၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ဓါတ်ခွဲအတည်ပြုလူနာ Case 1975 ဝင်ရောက်နားခဲ့သည့် ကျောက်မဲမြို့၊ ပန်းပေါင်းကျေးရွာရှိ "နှင်းတောင်တန်း ၂ စားသောက်ဆိုင်အား ယမန်နေ့က Lock Down ချထားပြီး ဆိုင်ရှင်နှင့်ဝန်ထမ်း(၁၅)ဦးတို့၏ ဓါတ်ခွဲနမူနာ(နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်)များကို ရယူခဲ့ကာ ၎င်းတို့အား အဆိုပါဆိုင်၌ ဆေးစစ်ချက် ထွက်သည့်အချိန်ထိ အသွားအလာကန့်သတ်၍ (Home Quarantine)ထားရှိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာ Case 1975 သည် တရုတ်နိုင်ငံမှပြန်လာသည့်သူဖြစ်ပြီး မူဆယ်မြို့မှတစ်ဆင့် လားရှိုးမြို့သို့ ဩဂုတ် ၃၁ ရက်နေ့ တွင်ရောက်ရှိကာ လားရှိုးမြို့၊ နားမခေါ်ကားကွင်းရှိ SMC ဧည့်ရိပ်မွန်၌ ၃ ညတာ တည်းခိုခဲ့ကြောင်း၊ စက်တင်ဘာ ၃ ရက်နေ့မှ လားရှိူ- မန္တလေးသို့ပြေးဆွဲသည့် ရတနာကား ဖြင့် မန္တလေးသို့သွားစဉ် ကျောက်မဲမြို့ နှင်းတောင်တန်း ၂ စားသောက်တိုင်တွင် ခေတ္တဝင်ရောက်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


