မန္တလေး ၂၇ ဇူလိုင်


C & D Group of Co.,Ltd မှကြီးမှူးပြီး မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ၃ ရက်တိုင်တိုင် ပထမဆုံအကြိမ်အဖြစ် " ဓာတ်လှေကား၊ စက်လှေကားနှင့် မီးစက်ပြပွဲကြီး" အား အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်သည်။ 


ယင်း ပြပွဲကြီးနှင့်အတူ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ၏ နှစ်ပတ်လည် အစည်းအဝေးကြီးကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း၊ ပြပွဲကြီးတွင် နိုင်ငံတကာမှ တင်သွင်းဖြန့်ချိသော Mechanical Car Parkings များ၊ Elevators ဓာတ်လှေကား အမျိုးမျိုး၊ Escalators စက်လှေကား အမျိုးမျိုး၊ Generators စွမ်းအင်မြင့် မီးစက်အမျိုးမျိုးတို့ကို တစ်နေရာတည်းတွင် Brand အမျိုးအစားပေါင်းစုံလင်စွာဖြင့် ပြသရောင်းချသွားမှာဖြစ်ရာ ပြပွဲကာလ ၃ ရက်အတွင်း အထူး Promotion Discounts များဖြင့် ရောင်းချပေးမည့်အပြင် ဝယ်ယူသူများ အဆင်ပြေစေမည့် ငွေပေးချေမှု ပုံစံများနှင့်အတူ အထူးလက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။


အောင်စံမောင်