နေပြည်တော် ၂၉ ဩဂုတ် 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၂(၂၀၂၀)ပြည့်နှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ဓမ္မာစရိယဖြေဆိုသူ သုံးကျမ်းအောင် (ကျမ်းပြီး) ၉၅၃၅ ပါး၊ နှစ်ကျမ်းအောင် ၃၆၈၃ ပါး၊ တစ်ကျမ်းအောင် ၂၄၃၈ ပါး၊ ပါဠိဂုဏ်ထူးအောင် ၃ ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၄ ပါး၊ စုစုပေါင်း ၁၅၆၇၃ ပါး အောင်မြင်တော်မူကြသည်။

 

စုစုပေါင်းဖြေဆိုသူ ၂၀၅၀၆ ပါး/ ဦးအနက် အောင်မြင်သူ ၁၅၆၇၃ ပါး/ ဦးဖြစ်၍ ၇၆.၄၃ ရာခိုင်နှုန်း အောင်မြင်ကြသည်။

 

၁၃၈၂ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ကြသော သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအနက် ဓမ္မာစရိယ သုံးကျမ်းအောင် ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမ ရရှိခဲ့ကြသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ကြသည်-

 

2