ပင်းတယ ဇွန် ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အခြေခံပညာကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အဖြစ် ဇွန် ၃ ရက်စတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ရာနှုန်းပြည့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့၌ အခြေခံပညာကျောင်း စုစုပေါင်း ၂၄၁ ကျောင်း ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများက ကျောင်းအပ်လက်ခံခဲ့ကြရာ ဇွန် ၂ ရက်အထိ ပင်းတယမြို့နယ်၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၉၇၃ ဦး၊ ရွာငံမြို့နယ်၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အခြေခံပညာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၄၆၃၃ ဦး ကျောင်းအပ်နှံထားကြပြီး ကျောင်းတက်ရောက်မှုမှာ ၁၀၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)