ဓနုဖြူ ၁၆ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကော်မရှင်မဲစာရင်းတွင် အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဟု ဖော်ပြထားသူများအား ကွင်းဆင်းစိစစ်ခြင်းနှင့် အမှန်တကယ် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၈ နာရီက ထီကွေ့ကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပေါင်းစပ်၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကော်မရှင်မဲစာရင်းတွင် အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဟု ဖော်ပြထားသူများအား ကွင်းဆင်းစိစစ်ခြင်းနှင့် အမှန်တကယ် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)


