ဓနုဖြူ ၃ စက်တင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ မွေးမြူသူ တောင်သူများထံသို့ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးတွင်ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မအူပင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီသီဝင်းက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်လင်းက တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

 

တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ နွားမွေးမြူသူများထံသို့ နွားအစာနု အိတ် (၆၀) နှင့် ဝက်မွေးမြူသူများထံသို့ ဝက်အစာနု (၂၄) အိတ် ကိုတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် မြို့နယ်အဆင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ မြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေး ကြိုတင်ကာကွယ်မှုများနှင့် ရောဂါထိန်းချုပ်မှုလုပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 
ထက်ဝေဖြိုး(ပြန်/ဆက်)