ဓနုဖြူ   ၃၀ မေ


ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတစ်ချို့ မေ ၂၉ ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့်နေအိမ် (၁၇)လုံး အမိုးလန် ပြိုကျပျက်စီးခဲ့သည်။


အဆိုပါလေပြင်းတိုက်ခက်မှုကြောင့် အမှတ်(၁၆)ရပ်ကွက်တွင် လူနေအိမ် (၁)လုံး၊ အမှတ် (၁၂)ရပ်ကွက် တာကြီးတန်းရှိ လူနေအိမ် (၁)လုံး၊ နှဲကြိုးကျေးရွာအုပ်စု၊ နှဲကြိုးကျေးရွာတွင် လူနေအိမ် (၁)လုံး၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာတွင် လူနေအိမ် (၅)လုံး၊ ပိုင်စွန်နန်ကျေးရွာအုပ်စု၊ ပိုင်စွန်နန်ကျေးရွာတွင် လူနေအိမ် (၁)လုံး၊ ကျောင်းစုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင် လူနေအိမ် (၁)လုံး၊ တော်ကွဲကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာတွင် လူနေအိမ် (၁)လုံး အမိုလန်ပျက်စီးခဲ့ပြီး ထီကွေ့ကျေးရွာအုပ်စု၊ ထီကွေ့ကျေးရွာတွင် လူနေအိမ် (၂)လုံး၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကင်ပွန်းချောင်းကျေးရွာတွင် လူနေအိမ် (၄)လုံး အမိုးလန် ပြိုကျပျက်စီးခဲ့ရသည်။ ထိုလေပြင်းတိုက်ခက်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေကြေပျက်စီးမှုမရှိကြောင်းနှင့် လေဘေးသင့်ပြည်သူများအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီနေရာချထားပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)

 

1