ဓနုဖြူ ၁၅ ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး သွားလာရန် ဇူလိုင်လ ၁၅ ရက်၊ နံနက် ၇ နာရီကမြို့ပေါ် ရှိလူစည်ကားသည့်နေရာများတွင် စစ်ဆေးဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။


ဓနုဖြူမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်းပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးထွက်ရန် မေလ ၂၁ ရက်နေ့မှ စတင်၍ ယခုအချိန်ထိနေ့စဉ် ယခုဝယ် ယခုတပ် စနစ်ကိုဆောင်ရွက်လျှက်ရှိပြီး မြို့နယ်စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့က နေအိမ်ပြင်ပထွက်သည့် ပြည်သူတိုင်းနှာခေါင်းစည်း(Mask) တပ်ဆင်သည့် အလေ့အထ ဖြစ်စေရေး နေ့စဉ်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ကြောင်း သိရသည်။

 

ထက်ဝေဖြိုး (ပြန်ဆက်)