ဓနုဖြူ၊ ၂၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန် ၂၁ ရက် နံနက်(၁၀)နာရီ (၄၅)မိနစ် က မိုးရွာသွန်းပြီး အမှတ်(၁၂)ရပ်ကွက်ရှိ နေအိမ်(၃)လုံးပေါ်သို့ လုံးပတ် (၁၆)ပေခန့်၊ အမြင့်(၅၀)ပေခန့်ရှိ ကုက္ကိုပင် ပြိုလဲကျသဖြင့် နေအိမ်(၃)လုံး ပျက်စီးမှုဖြစ်ပွားခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ပျက်စီးမှုမရှိကြောင်းနှင့် ပျက်စီးသည့်နေအိမ်များအား ပြန်လည်ပြုပြင် နေထိုင်လျက်ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)


