ဓနုဖြူ၊   ၂၁    ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊  ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန် ၂၁ ရက် နံနက်(၁၀)နာရီ (၄၅)မိနစ် က မိုးရွာသွန်းပြီး အမှတ်(၁၂)ရပ်ကွက်ရှိ နေအိမ်(၃)လုံးပေါ်သို့ လုံးပတ် (၁၆)ပေခန့်၊ အမြင့်(၅၀)ပေခန့်ရှိ ကုက္ကိုပင် ပြိုလဲကျသဖြင့် နေအိမ်(၃)လုံး ပျက်စီးမှုဖြစ်ပွားခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ပျက်စီးမှုမရှိကြောင်းနှင့် ပျက်စီးသည့်နေအိမ်များအား ပြန်လည်ပြုပြင် နေထိုင်လျက်ရှိကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)