ဓနုဖြူ ၁၂ ဇူလိုင်
ဓနုဖြူမြို့နယ်တွင် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းဆိုင်ရာ ဆင့်ပွား သင်တန်းအား ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီက ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးအတွင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိမ်းမင်း က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလွင်နှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးပြည့်ဖြိုးမိုးတို့က မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား သင်ပို့ချပေးခဲ့ကြပြီး တက်ရောက်လာသူများမှ မရှင်းလင်းသည်များ မေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


