ဓနုဖြူတွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြ

ဓနုဖြူ   ၉  ဇွန်

 

ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ဇွန် ၇ ရက်က ဓနုဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ ဧရာဝတီ-ဟင်္သာတဘက်ကမ်း မရမ်းချောင်းရေကင်းစခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သရုပ်ပြပွဲသို့ တက်ရောက်လာသူများအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးခိုင်မှ မြစ်ရေကြီးစဉ် တာတမံ ရေဘေးအန္တရာယ် ကျရောက်ပါကျ ဖြစ်ပေါ်တက်သည့် ရေပေါက် (ထူးပေါက်) ပေါက်ခြင်း၊ တာထိပ်ပေါ် ရေကျော်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်းတို့ ဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့် နည်းစနစ်များ၊ ရှောင်သင့်သည့်အချက်များ၊ တာတမံ ကျိုးပေါက်နိုင်သည့် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တာဝန်ရှိသူများက ရေဘေးအန္တရာယ်ကျရောက်ပါက တာတမံများအား ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့် အချက်များကို လက်တွေ့သရုပ်ပြခဲ့ကြပြီး မြစ်ရေကြီးစဉ် ဆောင်ရွက်ရမည့်အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)