ဒီးမော့ဆို   ၂၃  မေ


စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအား လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းကို မေ ၂၂ ရက် နံနက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့မဈေး၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ထို့သို့ဆောင်ရွက်ရာတွင် ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြို့ရီနှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဈေးအတွင်း ရောင်းချလျက်ရှိသော စားသုံးကုန်နှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများ ပါရှိမှု ရှိ၊ မရှိ၊ ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်း ရှိ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် တာဝန်ရှိသူများက ဈေးအတွင်းရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား ၂၀၁၉ ခုနှစ် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)