ဒီးမော့ဆို ၂၆ သြဂုတ်    
    
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ဆည်/ ကန်/ ချောင်း/ မြောင်းများတွင် ငါးသံယဇာတများ တိုးပွားလာစေရန်အတွက် ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဒီးမော့ဆိုမြို့နယ် ငွေတောင်ရေထိန်းတမံ(ငူးပလော့ဆည်)တွင် ငါးကောင်ရေ ၂၀ဝ၀ဝ ကို ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

 

5

 

ငါးမျိုးများ စိုက်ထည့်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသန္တာဝင့်၊ ပြည်နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ငါးကြင်းရွှေဝါ၊ ငါးခုံမကြီးနှင့် ငါးမြစ်ချင်း စသော ငါးကောင်ရေ ၂၀ဝ၀ဝ ကို ငွေတောင်ရေထိန်းတမံအတွင်း ငါးမျိုး စိုက်ထည့်ကြကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)