ဒီးမော့ဆို ၁၇ မေ 


ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ  နွေရာသီ ရေရှားပါးသည့် ကျေးရွာများသို့  ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် လူမှုအသင်းအဖွဲ့များတို့၏ အစီအစဉ်ဖြင့်  သောက်သုံးရေများ သွားရောက် လှူဒါန်းပေးလျက်ရှိရာ မေလ ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟိန်းဝေစံ ကုမ္ပဏီတို့ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု ဒေါဆိုရှေ့ကျေးရွာများသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
    

သောက်သုံရေ သွားရောက်လှူဒါန်းပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်၊ ခရိုင်ဦးစီးမှူး ဦးညွှန့်ဇော်၊ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်ဝန်ထမ်းများ ပါဝင်ကြပြီး ဒေါဆိုရှေ့ကျေးရွာနေ အိမ်ထောင်စု (၂၇)စု၊ လူဦးရေ (၁၂၃)ဦးရှိ ဒေသခံပြည်သူများအတွက် သုံးသောက်ရေ ဂါလန် ၁၂၀ဝ နှင့် ငါးဂါလန်ဆံ့ ရေပုံး(၃၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
     

ရီးရယ်(ဒီးမော့ဆို)

 

1