လွိုင်ကော် ဇူလိုင် ၂၁
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စုပေါင်းရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သော အဆောက်အအုံများအတွက် ထောက်ပံငွေနှင့် ပစ္စည်းများပေး အပ်ပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပွဲ အခမ်းအနားသို့ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးအံ့မော် နှင့်တာဝန်ရှိသူများ၊ စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအိမ်ထောင်စုများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးအံ့မော်က အဖွင့်အမှာစကား
ပြောကြားပြီး စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအဆောက်အအုံများအတွက် သွပ်မိုး၊ အုပ်၊ ဘိလပ်မြေနှင့် ထောက်ပံ့ငွေ များကို တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)


