လွိုင်ကော် ဇူလိုင် ၂၁

 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စုပေါင်းရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက  ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သော အဆောက်အအုံများအတွက် ထောက်ပံငွေနှင့် ပစ္စည်းများပေး အပ်ပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။ 

 

အဆိုပါ ထောက်ပံ့ပွဲ အခမ်းအနားသို့ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးအံ့မော် နှင့်တာဝန်ရှိသူများ၊ စစ်ဘေးဒဏ်​​​ကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအိမ်ထောင်စုများ တက်ရောက်ကြသည်။ 

 

ရှေးဦးစွာ  ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးအံ့မော်က အဖွင့်အမှာစကား

ပြောကြားပြီး စစ်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအဆောက်အအုံများအတွက် သွပ်မိုး၊ အုပ်၊ ဘိလပ်မြေနှင့် ထောက်ပံ့ငွေ များကို တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ခရိုင်(ပြန်/ဆက်)