ဒီးမော့ဆို ၄ ဩဂုတ်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်ရှိ တောင်သူများသည် မိုးစပါး စိုက်ပျိုး ချိန်တွင် ဆည်၊ ကန်၊ ချောင်း၊ မြောင်းများမှ ပေးဝေသော စိုက်ပျိုးရေဖြင့် မိုးစပါး စိုက်ပျိုး လျက်ရှိ သည့်အပြင် လျှပ်စစ်ရေတင်စနစ်နှင့် မိုးရွာသွန်းခြင်းမှ ရရှိသော ရေဖြင့် မိုးစပါးစိုက်ပျိုး လျက်ရှိပြီး ယခုနှစ်တွင် မိုးစပါး ၃၂၂၆၆ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ထို့သို့ လျာထားဆောင်ရွက်ရာတွင် လယ်မြေ ၂၈၁၈၄ ဧက၊ ယာမြေ ၁၀၆၉ ဧက၊ တောင်ယာ ၃၀၁၃ ဧက စုစုပေါင်း မိုးစပါးစိုက်ဧက ၃၂၂၆၆ လျာထားပြီး ဇူလိုင်လကုန်ထိ လယ်မြေ ဧက ၅၁၂၀ ၊ ယာမြေ ဧက ၁၁၈၀၊ တောင်ယာ ၂၃၉၅ ဧက စုစုပေါင်း မိုးစပါး ၈၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရန် တောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို ကျေးရွာအရောက် ဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)