ဒီးမော့ဆို   ၁၁  သြဂုတ်

 

တောင်သူများ လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိန်းသိမ်းကြံ့ခိုင်မှု ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှုလယ်ယာစခန်း(ခွဲ)တွင် လယ်ယာသုံးစက်ကိရိယာ မောင်နှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း(၁/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက အမှာစကားပြောကြားပြီး လွိုင်ကော်မြို့နယ်ဦးစီးဌာနမှူး ဦးဇော်လင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ များကို ရှင်းလင်းပြောကြားသည်။

 

သင်တန်းတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်သူ (၂၀) တက်ရောက်ကြပြီး ထွန်စက်နှင့် ထွန်ယက် ကိရိယာများ ထိန်းသိမ်းမှု၊ စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် လက်တွန်းထွန်စက်များ မောင်းနှင်ပြုပြင် ထိန်းသိမ်း မှုများကို စာတွေ့၊ လက်တွေ့ဖြင့် (၁၀)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကြီးဒဲရယ်