နေပြည်တော်၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း အောင်ချမ်းသာကျေးရွာကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် တပ်မတော်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာမျက်နှာများပေါ် တွင် မဟုတ်မမှန် သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
မှန်ကန်မှုမရှိ
အဆိုပါသတင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်တွင် တပ်မတော်စစ်ကြောင်းများသည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအနီး နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်မှု မရှိကြောင်းနှင့် အောင်ချမ်းသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည် ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ မဟုတ်မမှန် ကောလာဟလ သတင်းတု သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်