နေပြည်တော် အောက်တိုဘာ ၂၇

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy- DA) (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၁ သင်တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဉီးက စာရင်းပညာသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုသည့် အရေးပါသော ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် စာရင်းပညာဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် စာရင်းပညာရပ်ဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုသင်တန်းသည် စာရင်းပညာရပ်ဆိုင်ရာ အခြေခံကောင်းများရရှိစေပြီး စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ ယခုသင်တန်း စာမေးပွဲတွင် ရလဒ်ကောင်းများရရှိစေရေး ကြိုးစားကြစေလို ပါကြောင်းနှင့် နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အရည်အချင်းပြည့်ဝ သော စာရင်းကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များဖြစ်စေရေး ဆက်လက်လေ့လာ ဆည်းပူးသွားကြစေ လိုပါကြောင်း တိုက်တွန်းမှာကြားသည်။

 

အဆိုပါသင်တန်းကို ဇန်နဝါရီ ၂ ရက်မှစ၍ (၁၀) လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး လာမည့် နိုဝင်ဘာလတွင်  အရည်အချင်းစစ်စာမေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြ ကြောင်း သိရသည်။

(သတင်းစဉ်)