နေပြည်တော် ၂၂ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် UNESCO အာရှ- ပစိဖိတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး Mr. Shigeru Aoyagi နှင့်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ယူနက်စကိုအဖွဲ့တို့အကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များသာမက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကိုပါ ကမ္ဘာ့အမွေအနှစ် တင်သွင်းနိုင်ရေး၊ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များတွင် ပါရှိသည့် Peace Education နှင့်စပ်လျဉ်း၍ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)