မြစ်ကြီးနား ၃  စက်တင်ဘာ 

 

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် လွှတ်တော်ရုံး၊ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄၇ ဦးတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အစည်းအဝေး ပဉ္ဇမနေ့တွင် တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဉပဒေကြမ်း” နှင့် ပတ်သက်၍ ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပြီး လွှတ်တော် ကိုယ်စာလှယ်များက ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် အစည်းအဝေး သတ္တမနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့သော “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဉပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ဉပ‌ဒေကြမ်းကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းပြီး လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုစားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် အစည်းအဝေး နဝမနေ့ ကျင်းပမည့်နေ့ရက်ကို ကြေညာကာ အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားလိုက်သည်။

 

ပြည်နယ်ပြန်/ဆက်