ရွာငံ ၉ စက်တင်ဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ ကြေညာ ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ထပ်မံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရာတွင် ပထမအကြိမ် ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ပြန်လည်ကြေညာနိုင်ရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များမှ ထပ်မံတိုက်ဆိုင်စစ်ဆေးကြရာ ယနေ့အချိန်ထိ ရွာငံမြို့နယ် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များမှ တင်ပြလာသည့် မဲဆန္ဒရှင်စာရင်းများကို ပြင်ဆင်ရာတွင် ပုံစံ(၃)ဖြင့် (၄၅၈)ဦး၊ ပုံစံ(၄)ဖြင့် (၁၈၉)ဦး၊ ပုံစံ(၄-ဂ) ဖြင့် (၃၂၈)ဦး ပြင်ဆင်ဖြည့်စွက်ပြီးစီးကြောင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)