ပခုက္ကူ  ၂၂ စက်တင်ဘာ

 

ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေ့သန့်စင်စရိတ်များအတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CREP)အရ နိုင်ငံတော်ကပေးအပ်သော ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။

 

ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းဧက၂၄၀ကိုရွှေတန့်တစ်၊ ဆင်မင်း၊ ကျွဲတဲ ကျေးရွာတို့မှ တောင်သူ ၇၄ဦး ဖြင့်စိုက်ပျိုးဆောင်ရွက်လျက် ရှိသည်။

 

မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေ့သန့်စင်စရိတ်တို့ကို စိုက်ပျိုးတောင်သူ ၇၄ ဦးထံ ဒုတိယအကြိမ် ဧက၂၄၀ အတွက် CERP အစီအစဉ်ဖြင့် နိုင်ငံတော်ကထောက်ပံ့ငွေ၁၅၆သိန်းကိုတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် စုစုပေါင်းထောက်ပံ့ငွေမှာ ၃၅၆ဒဿမ ၄၄သိန်းဖြစ်ကြောင်း သိရသည်။

 

ကိုတမာ(ပြန်/ဆက်)

 

mdn