ဟားခါး ၁၀ နိုဝင်ဘာ
ချင်းပြည်နယ် ဟားခါးမြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ UPC ဘုရားကျောင်း ခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ UPC အသင်းတော် ဂိုဏ်းချုပ်ဆရာတော် Rev.Dr.Ral Bual က အဖွင့်ဆုတောင်းပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် တို့က UPC ဘုရားကျောင်း၏ VP Henry Van Thio ခန်းမ ဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ကျေးဇူးတင် စကားပြောကြားပြီး ဟားခါးမြို့ UPC အသင်းတော်ဉက္ကဋ္ဌ Rev.Van Tiam က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တည်ဆောက်ရေးအင်ဂျင်နီယာတို့က လက်ခံရယူ ကြသည်။
အဆိုပါ UPC ဘုရားကျောင်း၏ VP Henry Van Thio ခန်းမဆောင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၀၀ ဖြင့် ဟားခါးမြို့ UPC အသင်းတော်ကော်မတီက တာဝန်ယူကာ ဇူလိုင်လမှစတင် ဆောက်လုပ်ခဲ့ပြီး အောက်တိုဘာလတွင် အဆောက်အဦ လုပ်ငန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးခဲ့သည်။ ခန်းမဆောင်မှာ အလျား ၆၅ ပေ၊ အနံပေ ၃၀ ၊ အမြင့် ၂၁ ပေရှိ RC နှစ်ထပ်ဖြစ်သည်။
(ခရိုင် ပြန်/ဆက်)


