ဟားခါး ၁၀  နိုဝင်ဘာ

ချင်းပြည်နယ် ဟားခါးမြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူသည်    ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ UPC ဘုရားကျောင်း ခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ UPC အသင်းတော် ဂိုဏ်းချုပ်ဆရာတော် Rev.Dr.Ral Bual က အဖွင့်ဆုတောင်းပြီး ဒုတိယသမ္မတ   ဦးဟင်နရီဗန်ထီးယူ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် တို့က  UPC ဘုရားကျောင်း၏ VP Henry Van Thio ခန်းမ ဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍   ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က   ကျေးဇူးတင် စကားပြောကြားပြီး  ဟားခါးမြို့ UPC အသင်းတော်ဉက္ကဋ္ဌ Rev.Van Tiam က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တည်ဆောက်ရေးအင်ဂျင်နီယာတို့က လက်ခံရယူ ကြသည်။

အဆိုပါ  UPC ဘုရားကျောင်း၏ VP Henry Van Thio ခန်းမဆောင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၀၀ ဖြင့် ဟားခါးမြို့ UPC အသင်းတော်ကော်မတီက တာဝန်ယူကာ  ဇူလိုင်လမှစတင် ဆောက်လုပ်ခဲ့ပြီး  အောက်တိုဘာလတွင် အဆောက်အဦ လုပ်ငန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးခဲ့သည်။  ခန်းမဆောင်မှာ အလျား ၆၅ ပေ၊ အနံပေ ၃၀ ၊ အမြင့်  ၂၁  ပေရှိ RC နှစ်ထပ်ဖြစ်သည်။

(ခရိုင် ပြန်/ဆက်)