ဟားခါး    စက်တင်ဘာ

 

ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးရန် ဂန့်ဂေါမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့တွင် မှန်တော-ဟာသာ-ဟားခါး လမ်းဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

နံနက်ပိုင်းတွင် ဒုတိယသမ္မတသည်  ဂန့်ဂေါမြို့မှ မှန်တော-ဟာသာ-ဟားခါးလမ်း မိုင်တိုင် ၆၂/ ယာယီ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ချင်းပြည်နယ် လမ်းဦးစီးဌာနမှူး ဦးဆန်းလွင် က မှန်တော-ဟာသာ-ဟားခါး လမ်း ၅၄/ - ၆၄/ အတွင်း ၃၄ ပေအကျယ် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

 

DSC_8027

 

အဆိုပါလမ်းသည် အရှည်မိုင် ၆၆ ဒသမ မိုင်ရှိပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတို့ရှိ ဒေသခံပြည်သူများ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ချင်းပြည်နယ် ဟားခါးမြို့နယ် ဟာသာကျေးရွာသို့ ရောက်ရှိပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဟာသာကျေးရွာရပ်မိရပ်ဖတစ်ဦးက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ကျေးလက်ကျန်းမာရေး ဌာနနှင့် မူကြိုကျောင်းဖွင့်လှစ်ပေးနိုင်ရေး၊ ဆရာ ဆရာမများ ဖြည့်ဆည်းခန့်ထားနိုင်ရေးနှင့် စိမ့်စမ်းရေ သွယ်ယူရရှိနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့် နှင့် တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ဆက်လက်၍ ဒုတိယသမ္မတသည် မှန်တော-ဟာသာ-ဟားခါး လမ်းပေါ်ရှိ ဒေါင်ဗား ချောင်းကူးတံတား တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း က တံတားဆိုင်ရာ အချက်အလက်များနှင့် တံတားတည်ဆောက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ က မှန်တော-ဟာသာ-ဟားခါးလမ်း သတ်မှတ်ကာလအမီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းတည်ဆောက်ရေး၊ အန္တရာယ်ကင်းရှင်းစေရန် လမ်းအတက်အဆင်းများ ပြေပြစ်အောင် ဆောင်ရွက်ရေး၊ လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံနှင့် ကွန်ကရစ်ရေနှုတ်မြောင်း တည်ဆောက်နိုင်ရေး၊ လမ်းတာချဲ့ ရန် ကျန်နေရာများအား ဆက်လက်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

အဆိုပါ ဒေါင်ဗားချောင်းတံတားသည် အရှည်ပေ  ၂၅၀ အမြင့်  ၃၁ ပေ၊ အကျယ် ၃၀ ဒသမ ပေရှိ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် ၆၀ ရှိကာ လုပ်ငန်းတန်ဖိုး ငွေကျပ်သန်း ၁၃၀၀ ဖြစ်ကြောင်း သိရသည်။

 

DSC_8084

 

ဆက်လက်၍ ဒုတိယသမ္မတသည် ဟားခါးမြို့ ဟိုင်တလန်ရပ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) အစည်းအဝေးခန်းမသို့ရောက်ရှိရာ ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင် က  အားကစားနှင့် ကာယပညာ သိပ္ပံ(ဟားခါး) ဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ခု ပြည်ထောင်စုနှင့်ပြည်နယ် ဘတ်ဂျက်တို့ဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) ကျောင်းဝင်း အတွင်း ရာသီသီးနှံများ၊ နှစ်တိုနှစ်ရှည်သီးနှံများစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး ကျောင်းအတွင်း စားသုံးရန်သာမက ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချသွားနိုင်ရေး၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်း သားများ သောက်သုံးရေဖူလုံရေးအတွက် လုံငုံဘားချောင်းမှ ရေသွယ်ယူနိုင်ရေးနှင့် စက်ရေတွင်းတူးဖော် မည့် နေရာရှာဖွေရေးတို့ကို မှာကြားသည်။

 

အဆိုပါက အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) ကျောင်းသည် ဟားခါးမြို့၏ မြောက်ဘက် () မိုင်ခန့်အကွာ မြို့ဟောင်းရပ်ကွက် ဟိုင်တလန်ရပ်၌တည်ရှိပြီး မြေဧရိယာ ၅၆ ဒသမ ၉၄ ဧက ကျယ်ဝန်းကြောင်း၊ ကျောင်းတည်ဆောက်ခြင်း လုပ်ငန်း ၂၈ ခုအတွက် စုစုပေါင်းငွေကျပ်သန်း ၆၆၃၁ ဒသမ ၁၈၀ ခန့်မှန်းကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) ဝင်းအတွင်းရှိ အားကစားပြိုင်ပွဲရုံနှင့် လေ့ကျင့်ရေးရုံတည်ဆောက်နေမှု၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ချင်းပြည်ခရီးစဉ်အတွင်း လိုက်ပါလာသည့်  ညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ ညနေပိုင်းတွင်  ဟားခါးတက္ကသိုလ်မုခ်ဦး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်

 

DSC_8345 ( (အားကာသိပ္ပံ) (2)

 

DSC_8034

 

DSC_8045

 

DSC_8345 ( (အားကာသိပ္ပံ) (1)