ဂန့်ဂေါ    စက်တင်ဘာ

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်(တောင်ပိုင်း) ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ပိုင်းတွင် မော်တော်ယာဉ်များဖြင့် မတူပီမြို့မှ ရေဇွာမြို့သို့ရောက်ရှိပြီး ရေဇွာတိုက်နယ်ဆေးရုံ ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါ ()ထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေဇံ က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြသသည်။

 

အဆိုပါ တိုးချဲ့ဆောင်သည် အလျား ၉၅ ဒသမ ပေ၊ အနံပေ ၅၀ ရှိပြီး သံကူကွန်ကရစ် နှစ်ထပ်အမျိုးအစားဖြစ်ကာ လုပ်ငန်းတစ်ခုလုံး တန်ဖိုးငွေကျပ် ၄၇၂ ဒသမ ၃၆ သန်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ရေဇွာမြို့ လမ်းဦးစီးရိပ်သာသို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် (Mission Aviation Fellowship – MAF)  Site Manager , Mr. Terry တို့က  လိုင်လင်းပီမြို့ လေယာဉ်ကွင်းငယ်ဆိုင်ရာ အချက်အလက်များ၊ လေယာဉ်ကွင်းငယ် တည်ဆောက်လျက် ရှိသည့်အခြေအနေ၊ လေယာဉ်ကွင်းငယ်တည်ဆောက်နေသည့် ပုံစံနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေ၊ လိုင်လင်းပီ လေယာဉ်ပြေးလမ်းအတွက် လိုအပ်သည့် ကျောက်ထုတ်ကျောက်ခွဲခြင်းလုပ်ငန်း အခြေအနေ၊ လိုင်လင်းပီ လေယာဉ်ကွင်းငယ် ဝန်းကျင်ပတ်လည်တွင် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက လိုင်လင်းပီမြို့ လေယာဉ်ကွင်းငယ်တည်ဆောက်ရေးကို သတ်မှတ်အချိန်မီ အရည်အသွေးပြည့်မီစွာ ပြီးစီးအောင် ကြိုးပမ်းတည်ဆောက်နိုင်ရေး လမ်းညွှန်မှာကြားသည်။

 

118669137_3192140884166959_391014155301905812_o

 

အဆိုပါ လိုင်လင်းပီလေယာဉ်ကွင်းငယ်သည် ချင်းပြည်နယ် မတူပီခရိုင် လိုင်လင်းပီမြို့တွင် တည်ရှိပြီး ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၉၅၀ ရှိကြောင်း၊ ပြေးလမ်း အရှည်ပေ ၂၅၀၀ အကျယ်ပေ ၅၀ ရှိပြီး ပြေးလမ်းမှာ Flexible Pavement အမျိုးအစားဖြစ်ကြောင်း၊ ပြေးလမ်းခံနိုင်ရည်မှာ ၅၇၀၀ ကီလိုဖြစ်ပြီး Caravan Cessna လေယာဉ် အမျိုးအစားများ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်(တောင်ပိုင်း)တွင် နေထိုင်သည့် ဒေသခံပြည်သူများ သွားလာမှုလွယ်ကူစေရန်နှင့်  ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပြီး ၇၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်ကြောင်း၊ အဆိုပါ လိုင်လင်းပီလေယာဉ်ကွင်းကို (Mission Aviation Fellowship – MAF) ထောက်ပံ့ငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတသည် မတူပီမြို့နယ် ရမ်းစီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့ ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ညပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဂန့်ဂေါမြို့သို့ ရောက်ရှိကြသည်။

 

သတင်းစဉ်