mdn

နေပြည်တော် ၂၁ အောက်တိုဘာ

 

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက် နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းတို့က Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊ “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ ရက် တွင် ဒုတိယသမ္မတ() ဦးဆောင်၍ (၁၀)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်(၁၁)ရပ် ချမှတ်ပေးခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်း တာဝန် (၁၁)ရပ်အပေါ် သက်ဆိုင်ရာဌာနများ၊ ကော်မတီများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအပေါ် အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ယခုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ပါကြောင်း။

 

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ရက်တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်(၂၆)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၁၀)ချက်၊ ဆောင်ရွက်ဆဲ (၁၆)ချက် ရှိပါကြောင်း၊ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်(၁၁)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး ()ချက်၊ ဆောင်ရွက်ဆဲ()ချက်ရှိတာကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲ အချက်များသည်လည်း ဆက်လက်ဆောင်ရွက်နေရမည့်အချက်များ ဖြစ်ပါကြောင်း။

 

သက်ဆိုင်ရာဌာနများ၊ ကော်မတီများအနေဖြင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်များသတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေး ညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ကော်မတီတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများကို ထည့်သွင်းဖွဲ့စည်းထားသည့်အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ကိုပါ ထည့်သွင်းဖွဲ့စည်းထားသည့်အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် တပ်မတော်အနေဖြင့် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရပါကြောင်း။

 

မိမိတို့ကော်မတီကို ဖွဲ့စည်းပြီးတစ်ဆက်တည်းမှာဘဲ ချမှတ်ထားသည့်လုပ်ငန်းတာဝန် (၁၁)ချက်ကို အချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်းရေးမှူးရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခေါင်းဆောင်၍ ပြည်ထောင်စုဝန်ကြီးဌာန(၁၀)ခုမှ ညွှန်ကြားရေးမှူးများအပါအဝင် (၂၁)ဦးဖြင့် ဖွဲ့စည်းပြီး ရုံးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းတာဝန် အဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်း၍ (၂၄)နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသအဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်းတာဝန်များ အကြံပြုရေးဆွဲကာ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း။

 

မိမိတို့ကော်မတီအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်(၁၁)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ အကျဉ်းချုံးပြောရလျှင် COVID-19 ရောဂါပိုးကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့သူများအားလုံးကို ရောဂါလက္ခဏာပြသည်အထိ စောင့်ဆိုင်းခြင်းမပြုဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံးစစ်ဆေးနိုင်ရေး၊ Quarantine ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ Contact Person စာရင်းများပြုစုပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးအကြောင်းကြားလျက် ရှိပါကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စုံစမ်းဖော်ထုတ်ရန်ခက်ခဲသော Contact Person များ၊ နိုင်ငံသားစိစစ်ရေးကတ်နံပါတ်သာ သိရှိသူများ၊ ဖုန်းနံပါတ်ပါရှိပြီး ခေါ်ဆို၍ မရသူများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်စုံစမ်းဖော်ထုတ် ပေးလျက်ရှိပါကြောင်း။

 

“Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အနေဖြင့်လည်းနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူးများနှင့် Video Conferencing ပြုလုပ်၍သက်ဆိုင်ရာ ကော်မတီများအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများ၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းခြင်း “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

“Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ လမ်းညွှန်ချက်အရ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်()ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ()ပိဿာ၊ ကြက်သွန်နီ ()ပိဿာ၊ စုစုပေါင်းအမယ်()မျိုးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်မှစ၍ အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၉ ရက်အထိ အိမ်ထောင်စုပေါင်း (,၀၀၆,၃၀၂) စုအတွက် ရာနှုန်းပြည့် အောင်မြင်စွာ ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။

 

ပြည်သူများတွင် စိုးရိမ်ပူပန်မှုများရှိပါက အကူအညီပေးနိုင်ရေးနှင့် ထူးခြားသတင်းများ ပေးပို့နိုင်ရေးအတွက် Hot line ဖုန်း()လုံးထားရှိပြီး သက်ဆိုင်ရာဌာနများနှင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအကြား အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့်အခြား နေရာများတွင် သတင်းမှားဖြန့်ဝေနေသူများကိုလည်း အမြန်ဆုံးဖော်ထုတ်၍ ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် အရေးယူခဲ့သည့်အမှု (၂၆)ခုရှိပါကြောင်း၊ ထို့အပြင် COVID-19 ရောဂါပိုးပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းမရှိသူများအား သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၁၄,၅၇၇)မှုကို အရေးယူဆောင်ရွက်ခဲ့ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၆ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်မားလျက်ရှိပြီး အခြားဒေသများသို့ ကူးစက်ပြန့်ပွားနိုင်သော အခြေအနေရှိသည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအဆင့် “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများသို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအတိုင်း အထူးလိုက်နာဆောင်ရွက်သွားရန် ထပ်ဆင့်အကြောင်းကြားခဲ့ပါကြောင်း။

 

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနက် အခက်အခဲရှိ၍ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၆ ရက်မှ  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ ထိုင်းနိုင်ငံနယ်စပ်ဂိတ်()ဂိတ်မှ ဝင်ရောက်လာသူ (၈၉,၉၁၀)ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ်ဂိတ် ()ဂိတ်မှ ဝင်ရောက်လာသူ (၅၅,၂၄၂)ဦး၊ လာအိုနိုင်ငံ နယ်စပ်ဂိတ် ()ဂိတ်မှ ဝင်ရောက်လာသူ(၄၁၇)ဦး၊ စုစုပေါင်း (၁၄၅,၅၆၉)ဦးတို့ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ လေကြောင်းလိုင်းများမှ ဝင်ရောက်လာသူမြန်မာနိုင်ငံသား (၂၂,၆၀၄) ဦးနှင့် နိုင်ငံခြားသား (,၃၄၁) ဦး၊ စုစုပေါင်း(၂၆,၉၄၅)ဦးရှိသည်ကို တွေ့ရပါကြောင်း။

 

အဆိုပါနယ်စပ်ဂိတ်များနှင့်လေကြောင်းလိုင်းများမှ ပြန်လည်ဝင်ရောက်လာသော နိုင်ငံသားများအား ၎င်းတို့၏နေရပ်များသို့ စနစ်တကျ ပို့ဆောင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆက်ဆံရေးအရာရှိများ စေလွှတ်ထားရှိပြီး စာရင်းကောက်ယူခြင်း၊ လိုအပ်သည့် မော်တော်ယာဉ်များ၊ ရထားများစီစဉ်ပေးခြင်း၊ သက်ဆိုင်ရာမြို့ နယ်များသို့ ရောက်ရှိပါက Quarantine ဝင်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအနက်မှ ခရီးဝေးကွာ၍ သွားလာရန်ခက်ခဲသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ အလုပ်သမားများကိုလည်း သက်ဆိုင်ရာ နယ်စပ်မြို့ရှိ Community Based Facility Quarantine များတွင် သတ်မှတ်ရက်အတိုင်း စနစ်တကျထားရှိ၍ Swab နမူနာရယူစစ်ဆေးပေးပြီး ရောဂါပိုးမတွေ့ရှိသူများကို သက်ဆိုင်ရာ ဒေသများသို့ စနစ်တကျ ပြန်လည်စေလွှတ်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight အပါအဝင် လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကိုလည်း Hotel Quarantine နှင့် Home Quarantine ဝင်ရောက်စေရေးတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကိုစတင်စစ်ဆေးတွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၀ ရက်အထိ ရောဂါပိုးရှိ/မရှိ ဓာတ်ခွဲစစ်ဆေးမှု (၅၃၈,၀၈၆) ဦး ပြုလုပ်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိသူ (၃၈,၅၀၂) ဦး၊ သေဆုံးသူ (၉၄၅) ဦးနှင့် ရောဂါ ပျောက်ကင်းသူ (၁၈,၁၄၇) ဦး ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

 

COVID-19 ရောဂါကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများအားလုံးကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်မှ  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၈ ရက်အထိ ရဟန်းသံဃာနှင့် သီလရှင်များအပါအဝင် အရပ်ဘက်ဆိုင်ရာများအား COVID-19 ရောဂါပိုးရှိ/မရှိ ဆေးစစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများကို ဆေးကုသပေးခြင်း၊ Quarantine ထားရှိရေးစီစဉ်ဆောင်ရွက်ပေးခြင်းနှင့် Quarantine ဝင်ရောက်နေသူများအား စားသောက်ရေး ကိစ္စရပ်များကိုပါ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း။

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ Volunteer များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်သိပြည်သူများ၏ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေမှုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါကြောင်း။

 

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်(၁၁)ချက်နှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး() ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအပေါ် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များအခြေအနေ၊  COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး() ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ညွှန်ကြားချက်များ၊ “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းတာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ Coronavirus Disease2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်းရေးမှူးရုံးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် လိုက်နာမှုမရှိသူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများတွင် Quarantine ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လက်ရှိ Quarantine ဝင်ရောက်နေမှုအခြေအနေများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဝန်ကြီးဌာန အောက်ရှိ အဆောက်အအုံများနှင့် သာသနိကအဆောက်အအုံများတွင် Quarantine နေရာစီစဉ်ထားရှိမှု အခြေအနေများ၊ Quarantine ဝင်ရောက်နေမှုအခြေအနေများ၊ COVID-19 ရောဂါပိုး တွေ့ရှိရသော ရဟန်း/ သာမဏေများနှင့် သီလရှင်များအား ဆေးကုသမှုပေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ COVID-19 ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အလှူငွေများ လှူဒါန်းမှုအခြေအနေများ၊ Stay at Home သတ်မှတ်ကာလအတွင်း ဆွမ်းအခက်အခဲရှိသော စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ လှူဒါန်းခဲ့မှု အခြေအနေများ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များတွင် ရောဂါပိုးကူးစက်ဖြစ်ပွားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား သတ်မှတ်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲအကျပ် အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့်အခြေအနေများ၊ COVID-19 ကာလအတွင်း မြန်မာနိုင်ငံသို့ အလုပ်သမားများ ပြန်လည်ရောက်ရှိမှုအခြေအနေများနှင့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ စေလွှတ်ပေးနိုင်မှုအခြေအနေများ၊ COVID-19 ကာလတွင် အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုပေးခဲ့သည့် အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် COVID-19 ရောဂါပိုး တွေ့ရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိ ဆောင်ရွက်လျက်ရှိပြီး ထပ်မံအားဖြည့်ရန် ဆောင်ရွက်လျက်ရှိသည့် ခြေအနေများ၊  COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေးနှင့် လိုက်နာဆောင်ရွက်မှုမရှိသူများအား ထိရောက်စွာအရေးယူနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအောက်ရှိ အဆောက်အအုံများတွင် Community Based Facility Quarantine နေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Quarantine ဝင်ရောက်နေမှုအခြေအနေများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ COVID-19 ကာလအတွင်း သတ်မှတ်ထားသည့် အသက်အပိုင်းအခြားနှင့် ဒေသများအလိုက် ထောက်ပံ့ဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုနှင့် Quarantine Center များတွင် Quarantine ဝင်ရောက်နေမှုအခြေအနေများ၊ ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ ပထမလှိုင်းကာလတွင် တပ်မတော် ဆေးရုံ/တပ် နေရာ(၆၇)ခုတွင် လူဦးရေ (,၂၈၂)ဦးအတွက် Designated Hospital များ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ရောဂါပိုးတွေ့ရှိသူ အရပ်သားလူနာများကို Designated Hospital များတွင် ဆေးဝါးကုသ ဆောင်ရွက်ပေးနေမှုများ၊ ဒုတိယလှိုင်းကာလတွင် ရောဂါပိုးတွေ့ရှိမှု မြင့်မားလာသဖြင့် အရပ်သား လူနာများကို ထပ်မံတိုးချဲ့ကုသပေးနိုင်ရန် တပ်မတော်ဆေးရုံ/တပ်/နေရာ()ခုတွင် လူဦးရေ (,၆၈၇)ဦးအတွက် Designated Hospital များအဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား Quarantine ထားရှိနိုင်ရေးအတွက် တည်းခိုရေးစခန်းများ/ ကျောင်းဌာနများ/ တပ်နေရာ (၁၄)ခုတွင် လူဦးရေ(,၈၁၀)ဦးအတွက် Facility Quarantine Center များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ တိုင်းစစ်ဌာနချုပ်များအလိုက် ဆေးရုံ/ဆေးတပ်များတွင် ပါရဂူများအပါအဝင် (၁၅)ဦးစီဖြင့် ဆေးအဖွဲ့ (၆၀)ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ တပ်မတော်အနေဖြင့် ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း (၃၈,၆၈၉)ဦးအား COVID-19 ရောဂါပိုးရှိ/မရှိ ဆေးစစ်ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ တပ်မတော်မှ ပစ္စည်း(၂၃)မျိုးနှင့် အောက်စီဂျင်အိုး (,၀၀၀)ကျော်အား ထောက်ပံ့လှူဒါန်းခဲ့မှုအခြေအနေ၊ အတည်ပြုလူနာများနှင့် စောင့်ကြည့်လူနာများအား ကျွေးမွေးစောင့်ရှောက်ရေးအတွက်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်များ (Relief Flights) စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေများ၊ နိုင်ငံတကာသင်္ဘောများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာသင်္ဘောသားများအတွက် Crew Change ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်စောစောရှာ” Application နည်းပညာစနစ် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ထိတွေ့မှုရှာဖွေခြင်းလုပ်ငန်းစဉ် (Contact Tracing) နှင့် အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်း (Information Dashboard) စသည့် Application များ သုံးစွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခုအစည်းအဝေးမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကော်မတီ၏ လုပ်ငန်းတာဝန်(၁၁)ရပ်အပေါ် အကောင်အထည်ဖော်နေမှုများနှင့်ပတ်သက်၍ ပြည့်စုံစွာ အကြံပြု ဆွေးနွေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မတီသည် အုပ်ချုပ်ထောက်ပံ့ စီမံခန့်ခွဲမှုတွင် ပေါင်းစပ်ညှိနှိုင်းပေးရမည့်တာဝန်ဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနများ၊နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများနှင့် အချိန်ပြည့်ပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်နေမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို အိမ်ထောင်စု()စုလျှင် အခြေခံ စားကုန်()မျိုးအား အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုပေါင်း ()သန်းကျော်ကို အောင်မြင်စွာဖြန့်ဖြူးပေး နိုင်ခဲ့ပါကြောင်း၊ မိမိတို့ကော်မတီအား “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားသည့် အစည်းအဝေးဆုံးဖြတ်ချက် (၁၂)ချက်အပေါ် အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း ပြန်လည်တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အယုတ်အလတ်အမြတ်မရွေး တိကျစွာလိုက်နာရေး ဝိုင်းဝန်းပူးပေါင်း ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိသူများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုပါကြောင်းဖြင့် နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်