နေပြည်တော်   ၂၈   ဩဂုတ်  


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ဂျပန်နိုင်ငံ၊ Otsuma Women’s University မှ ဒုတိယဥက္ကဌ Professor Seiji Osawa နှင့်အဖွဲ့အား ယနေ့နံနက် (၁၁)နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံ အတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု ၊ Otsuma Women’s University မှ ပညာရှင်များနှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ပညာ ရှင်များ ပေါင်းစပ်ပြီး ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေး၊ ကိုယ်ခန္ဓာ ကြီးထွားမှုနှုန်းထား၊ ကြံ့ခိုင်သန်စွမ်းမှုဆိုင်ရာကဏ္ဍတွင် သုတေသနပြုနေမှု၊ တက္ကသိုလ်ပြတိုက်ကို အဆင့်မြှင့်တင်ရေးကိစ္စ ၊ နယ်စပ်ဒေသများတွင် နေထိုင်ကြီးပြင်းသည့် လူငယ်များ၏ လူမှုဘဝ တိုးတက်ဖြစ်ထွန်းမှုနှင့် နေထိုင်ရှင်သန်မှုများဆိုင်ရာ သုတေသနစာတမ်းများ ပြုစုနေမှု ၊ နောင်တွင် တက္ကသိုလ်နှစ်ခု ပိုမိုပူးပေါင်း၍ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်မြှင့်တင်ရေး၊ သုတေသနများ ပိုမိုဆောင်ရွက်ရေးဆိုင်ရာ ကိစ္စနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


(သတင်းစဉ်)