နေပြည်တော်၊ ဧပြီ  ၂၁

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည်  ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ H.E. Dr. KUNG Phoak ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံစဉ် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုအတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း များကို National Vaccine Deployment Plan နှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် သတင်းအချက်အလက်များကို Vaccine Management Information System(VMIS) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိစ္စ၊ ဝန်ကြီးဌာအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အခြေခံမူများနှင့် အညီ နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အကြမ်းဖက်အဖွဲ့အစည်းများက ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် အခြေအနေများ၊ အာဆီယံမှ မြန်မာနိုင်ငံသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ပေးနိုင်မည့် ကိစ္စ၊ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

(သတင်းစဉ်)