နေပြည်တော် အောက်တိုဘာ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ထွက်ကုန်များမှ MSME စက်မှုကုန်ထုတ်က ဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် ကျွမ်းကျင်နည်း ပညာရှင်လူငယ်များ ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ သည် ယနေ့ နံနက်ပိုင်းက အစိုးရနည်းပညာကောလိပ် (မန္တလေး)၌ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်က ကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက MSME များတွင် ခေတ်မီနည်းပညာများ အသုံးချနိုင်ရေး သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ စီမံဆောင်ရွက်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေးနှင့် ဘဝရပ်တည်ရေးခိုင်မာစေရေးအတွက် ပံ့ပိုးပေး နိုင်သည့် သက်မွေးပညာသင်တန်းများ သင်ကြားပေးရန်၊ ပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင် ပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ ဆက်စပ်ကျောင်း/ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများ၏လိုအပ်ချက်များကိုဖြည့်ဆီးဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား၊ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့် ဗလငါးတန်နှင့် ပြည့်စုံသော နည်းပညာ အရည်အသွေးပြည့်ဝသည့် နိုင်ငံ့လူငယ်ကောင်းများ ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် B.Tech(ပထမနှစ်)Second Semesterစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများကို ကြည့်ရှုအားပေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များမှာကြားသည်။ ထို့နောက် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေကြသည့် G.T.I ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့်ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)